Sunday, February 19, 2023

VPN ကို ကိုယ်တိုင် setting ချိန်ပြီး သုံးကြမယ်

  သူငယ်ချင်း၊ မိတ်ဆွေများအားလုံး မဂ်လာပါ

 vpn apkကို play store က download လုပ်ပြီးသုံးလို့ အဆင်မပြေတဲ့မိတ်ဆွေများအတွက် မိမိဖုန်းအတွက် vpn apk ကို play store က download ပြုလုပ်စရာမလိုပဲ မိမိဖုန်းမှာ ကိုယ်တိုင်vpn server ကို ချိတ်ဆက်ပြီး အသုံးပြုနိုင်မည့်နည်းကို မျှဝေပေးချင်ပါတယ်။

(1) ပထမဦးစွာ မိမိဖုန်းမှာရှိသော browser တစ်ခုခုကို ဖွင့်လိုက်ပါ။(ဉပမာ-- chrome, Moziler firefox)

     search bar မှာ contassh.com pptp လို့ရိုက်ရှာပါ။

(2) PPTP location တွေပါတဲ့ web page တစ်ခုပေါ်လာပါမယ်။ (Asian, Europe, America)

     အဲ့ခေါင်းစဉ်တွေနဲ့ တွဲလျှက်ပါတဲ့ (Hostname/Ip, Username, Password)တွေက မိတ်ဆွေတို့ဖုန်းရဲ့ vpn setting မှာ ထည့်ပေးရမှာတွေပါ။

     မိတ်ဆွေတို့ အသုံးပြူလိုတဲ့ နိုင်ငံ location အောက်မှာရှိတဲ့ (Hostname/IP, Username, Password) ကိုမှတ်သားထားပါ။

(3) browser မှထွက်ပြီး ဖုန်း setting > VPN ကိုဝင်ပါ။

     Add vpn ကိုနှိပ်ပါ။

     Name မှာ မိတ်ဆွေတို့ ပေးလိုတဲ့ နာမည်ထည့်ပါ။

     Server Address မှာ Hostname/Ip ကိုထည့်ပါ။

     Username မှာ မိတ်ဆွေတို့မှတ်ထားတဲ့ username ကိုထည့်ပါ။

     Password မှာ မိတ်ဆွေတို့မှတ်ထားတဲ့ Password ကိုထည့်ပါ။

     ပြီးရင် အမှန်ခြစ်လေးကိုနှိပ်ပြီး အသုံးပြုနိုင်ပါပြီး။😃😃

     ကျနော်သိသလောက်မျှဝေပေးခြင်းဖြစ်ပါတယ်။

     လိုအပ်ချက်များရှိရင် နားလည်ပေးပါခင်ဗျ။👌👌